Friday, June 21, 2013
window 7 မှ ဆော့ဝဲလ် ပြဿနာ ဖြေရှင်းနည်း
Window 7 က latest ဆိုတော့
မိမိ ပတ်ဝန်းကျင်က လူတိုင်းနီးပါး သုံးစွဲနေကြလေရဲ့။ ဟိုကွန်ပျူတာ ကြည့်လိုက်ရင်လဲ
Window 7 ၊ ဒီကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 နဲ့။ တော်တော်ကို
တွင်တွင်ကျယ်ကျယ် သုံးနေကြ၏။ ကောင်းသည်။ ကြိုက်သည် စသဖြင့် တုံ့ပြန်သံများ
ကြားရ၏။ " စိတ်ညစ်တယ်။ ဆော့ဝဲလ်တိုင်းလဲ တင်လို့ မရတော့ပါလား။ ခက်တာက
ငါတို့သုံးနေတာတွေက Version နိမ့်နေတယ်။ " အယ်။ ဘယ်လို ဖြစ်ကြတာတုန်း။
အသံတွေကလဲ အရင်က ကောင်းသည်ဟု ဆိုကြပြီး အခုမှ ဘာဖြစ်ကြရပြန်တာတုန်း။ Negative
အသံများ ကြားရ၏။ မကြာပါ။ မိမိဆီ ရောက်လာကြသည်။ ပြဿနာကို မေးကြည့်တော့ သူတို့
Printer Software က Window 7 ကို Support မလုပ်ကြောင်း၊ Window XP SP 1,2,3
တို့တွင်သာ Support လုပ်ကြောင်း၊ ဒါကြောင့် ဆော့ဝဲလ်တင်ရာတွင် လက်မခံကြောင်း
ရှင်းပြကြ၏။ မိမိက Window 7 ကို မသုံးတော့ သေချာ မပြောပြနိုင်။ ဒါနဲ့
ထုံးစံအတိုင်း Google တွင် ရှာဖွေရေး ဆင်းလိုက်သည်။ တွေ့ပါပြီ။
တွေ့သည့်နည်းအတိုင်း လုပ်လိုက်တာ အဆင်ပြေခဲ့ပါ၏။ စာဖတ်သူများလဲ Window 7 ကြောင့်
ဆော့ဝဲလ်များ Installation လုပ်ရာမှာ အခက်အခဲရှိလျှင် အသုံးပြုနိုင်ရန်
ဖော်ပြလိုက်သည်။ (၁) Install လုပ်ချင်သည့် ဆော့ဝဲလ်၏ icon ကို Right Click
လုပ်၍ Properties ကို ဖွင့်ပါ။ (၂) Box ကျလာလျှင် Compatibility tab ကို ရွေးပါ။
(၃) Run this program
in compatibility mode for: ကို အမှန်ခြစ်ပေးပါ။
(၄) Window XP (Service Pack 3) သို့မဟုတ် အဆင်ပြေရာ Version ကို ရွေးချယ်ပါ။
(၅) Apply လုပ် Ok ။

Computer မှာ CD/DVD Drive မပေါ်ခဲရင်
၁.My computer-->right
click-->properties ကိုအရင်သွားပါ။
၂.My computer-->right
click-->hardware-->device manager-->cd/dvd drive ကိုသွားပါ။
၃.General အောက်က This device is working properly ဆိုတဲ့စာသား ဆိုမှန်ပါတယ်
drive အလုပ်လုပ်နေပါတယ်။ disable ဆိုရင် မှန်ပါတယ် Unable ဆိုရင် disable
ကိုပြင်ပေးလိုက်ပါ။အားလုံးအဆင်ပြေကြမယ်ထင်ပါတယ်။
Folder option ပျောက်နေရင်
Folder option
ပျောက်နေတဲ့အကြောင်းအရင်းကအများကြီးပါ။ အဖြစ်အများဆုံးက virus
ကြောင့်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်အောက်ဖော်ပြပါနည်းများနဲ့ ဖော်ထုတ်ကြည့်ရအောင်။
1. start > Run ကိုဖွင့်ပြီး regedit လို့ရိုက်ထည့်ပါ။
2. HKEY_CURRENT_USER ကနေတဆင့်ချင်း Software\Microsoft\Windows\Current Version\Policies\Explorer သို့ ရောက်အောင် Folder ငယ်များဖွင့်ပါ။ Explorer ကိုကလစ်လုပ်ပြီး ပေါ်လာသော တစ်ဖက်မြင်ကွင်းမှ 'NoFolderOption' ၏ DWORD Value ကို00000000 ဟုပြင်ကြည့်ပါ။
3. computer ကို restart ပြန်လုပ်ပါ။
Window XP တွင် Control Panel ထဲ၌ Folder Option ပျောက်နေပါက
1. ၄င်းသည် Group Policy setting ကြောင့်ဖျောက်ထားခြင်းဖြစ်နိုင်သည်။
2. Computer ကို Administrator အနေနှင့်ဖွင့်ပါ။ သို့မဟုတ် ဖွင့်ထားသည့် အနေအထားသည် Administrator အဖြစ်သုံးနိုင်ရပါမည်။
3. Start > Run ကိုဖွင့်ပြီး gpedit.msc လို့ရိုက်ထည့်လိုက်ပါ။ ၄င်းသည် Group Policy ကိုဖွင့်ခြင်းဖြစ်သည်။
4. Group Policy (Box) အတွင်း Local Computer Policy\User Configuration\Administrative Templates\Control Panel တို့ကို တစ်ဆင့်ချင်း ဖွင့်ပါ။
5. ၄င်းမြင်ကွင်းတစ်ဖက်တွင် 'Hide Specified Control Panel Applets' ကိုစစ်ကြည့်ပါ။ ၄င်းတွင် Enabled ဖြစ်နေပါက ကလစ်နှစ်ချက်နှိပ်ပြီး Disabled ဟုပြင်လိုက်ပါ။ OK ကိုနှိပ်ပါ။
6. ထို့အတူ 'Show Only Specified Control Panel Applets' ကိုစစ်ပြီး enabled ဖြစ်နေပါက Disabled ကိုရွေးချယ်ကာ ok နှိပ်ပါ။ Group Policy မှပြန်ထွက်လိုက်ပါ။
7. Control Panel ကိုဖွင့်ပါ။ Menu မှ View ကိုဖွင့်ပြီး Refresh ကိုClick လုပ်ပါ။ ထိုသို့ဆောင်ရွက်ရာမှာ Group Policy (Box) အတွင်း enabled စသည်မတွေ့ပါက Folder Option ပျောက်ရခြင်းသည် အခြားသောအကြောင်းများကြောင့်လို့ မှတ်ယူရပါမယ်။
Window XP Home ကဲ့သို့စနစ်Software မျိုးမှာ Group Policy Editor မပါတာမျိုးရှိပါတယ်။ ၄င်းအတွက် regedit ကိုသုံးပြီး registry ကိုဖွင့်ပါ။ ၄င်းတွင် HKEY_CURRENT_USER ကနေ Software\Microsoft\Windows\Current Version\Policies\Explorer သို့တစ်ဆင့်ချင်းဝင်ပါ။ ၄င်းမှ Dis-allowCpl ရဲ့တန်ဖိုးကို စစ်ကြည့်ရပါမယ်။ တန်ဖိုး 0 ဆိုရင် policy disabled နဲ့ 1 ဆိုရင် policy enabled ဖြစ်ပါတယ်။ တကယ်တော့ registry မှာ ၀င်ပြင်တဲ့နည်းလမ်းများသည် အဆင်မပြေရင် စနစ်အတွက် ပိုပြီး အန္တရာယ်ရှိနိုင်ပါတယ်။

Thursday, June 20, 2013
Subscribe to:
Posts (Atom)