Window 7 က latest ဆိုတော့
မိမိ ပတ်ဝန်းကျင်က လူတိုင်းနီးပါး သုံးစွဲနေကြလေရဲ့။ ဟိုကွန်ပျူတာ ကြည့်လိုက်ရင်လဲ
Window 7 ၊ ဒီကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 နဲ့။ တော်တော်ကို
တွင်တွင်ကျယ်ကျယ် သုံးနေကြ၏။ ကောင်းသည်။ ကြိုက်သည် စသဖြင့် တုံ့ပြန်သံများ
ကြားရ၏။ " စိတ်ညစ်တယ်။ ဆော့ဝဲလ်တိုင်းလဲ တင်လို့ မရတော့ပါလား။ ခက်တာက
ငါတို့သုံးနေတာတွေက Version နိမ့်နေတယ်။ " အယ်။ ဘယ်လို ဖြစ်ကြတာတုန်း။
အသံတွေကလဲ အရင်က ကောင်းသည်ဟု ဆိုကြပြီး အခုမှ ဘာဖြစ်ကြရပြန်တာတုန်း။ Negative
အသံများ ကြားရ၏။ မကြာပါ။ မိမိဆီ ရောက်လာကြသည်။ ပြဿနာကို မေးကြည့်တော့ သူတို့
Printer Software က Window 7 ကို Support မလုပ်ကြောင်း၊ Window XP SP 1,2,3
တို့တွင်သာ Support လုပ်ကြောင်း၊ ဒါကြောင့် ဆော့ဝဲလ်တင်ရာတွင် လက်မခံကြောင်း
ရှင်းပြကြ၏။ မိမိက Window 7 ကို မသုံးတော့ သေချာ မပြောပြနိုင်။ ဒါနဲ့
ထုံးစံအတိုင်း Google တွင် ရှာဖွေရေး ဆင်းလိုက်သည်။ တွေ့ပါပြီ။
တွေ့သည့်နည်းအတိုင်း လုပ်လိုက်တာ အဆင်ပြေခဲ့ပါ၏။ စာဖတ်သူများလဲ Window 7 ကြောင့်
ဆော့ဝဲလ်များ Installation လုပ်ရာမှာ အခက်အခဲရှိလျှင် အသုံးပြုနိုင်ရန်
ဖော်ပြလိုက်သည်။ (၁) Install လုပ်ချင်သည့် ဆော့ဝဲလ်၏ icon ကို Right Click
လုပ်၍ Properties ကို ဖွင့်ပါ။ (၂) Box ကျလာလျှင် Compatibility tab ကို ရွေးပါ။
(၃) Run this program
in compatibility mode for: ကို အမှန်ခြစ်ပေးပါ။
(၄) Window XP (Service Pack 3) သို့မဟုတ် အဆင်ပြေရာ Version ကို ရွေးချယ်ပါ။
(၅) Apply လုပ် Ok ။
(၄) Window XP (Service Pack 3) သို့မဟုတ် အဆင်ပြေရာ Version ကို ရွေးချယ်ပါ။
(၅) Apply လုပ် Ok ။
No comments:
Post a Comment